ရုပ်ရှင်စိန်ရတု @ လူထုဒေါ်အမာ
“. . အဲဒီရုပ်ရှင်တွေ ခုနှယ်ပြန်ကြည့်ရရင် ဘယ်လိုများ နေမယ်မသိ။ ငယ်ငယ်တုန်းက ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာတွေကို ပြန်ပြီး ရယ်ချင်နေမလား မပြောတတ်ဘူး။ နှစ်တွေ၊ ခေတ်တွေ၊ အချိန်တွေ၊ ကာလတွေက ရွေ့လျား ပြောင်းလဲနေတာကိုး။ …” မြန်မာရုပ်ရှင် စပေါ်တာ နှစ်ပေါင်း ၇၅ နှစ်ရှိပြီမို့ စိန်ရတုသဘင် ကျင်းပဖို့ စိုင်းပြင်းနေကြတယ်ဆိုတော့ အမေတို့ ငယ်ငယ်က ရုပ်ရှင်ပေါ်စ ခေတ်ကို ပြန်တွေးမိတယ်။ အမေတို့ဆီမှာ အင်္ဂလိပ်ရုပ်ရှင်ကားတွေ ဘယ်နှစ်ဆီလောက်က စရောက်သလဲတော့ မသိဘူး။ အမေတို့ သိမီတဲ့ အရွယ်ရောက်တော့ မန္တလေးမှာ ရုပ်ရှင်ရုံ ၂ ရုံ ဆောက်ပြီး ရှိနေပြီ။ ၈၁ လမ်းပေါ်က ပထမတစ်စုံက “သီပေါရုံ' တဲ့။ အဲဒီရုံဟာ နောင်တော့ မစိုးရိမ်ကျောင်းအမက ပိုင်တာမို့ 'မစိုးရိမ်ရုံ' လို့ နာမည်ပြောင်း ခေါ်လိုက်တယ်။ ဒုတိယရုံကတော့ သီပေါရုံနဲ့ မျက်နှာချင်းဆိုင် ရွှေတိုက်ရုံလို့ ခေါ်နေကြတဲ့ 'အယ်လီဖင်စတုန်း' ရုပ်ရှင်ရုံပါ။ ဒီ ၂ ရုံမှာ အင်္ဂလိပ်စာတန်းထိုး အင်္ဂလိပ်ကားတွေ ပြနေတာပဲ။ ရုပ်ရှင်တွေက အသံဘိတ်ကားတွေဆိုတော့ ရုပ်ရှင်ပြနေတဲ့အချိန်မှာ ပြကွက်နဲ့ လိုက်ဖက်တန်ရာတဲ့ အတီး တီးပေးလိုတာကြောင့် ရံတိုင်းမှာ ကိုယ်ပိုင်ရုပ်ရှင်တီးဝိုင်းတွေ ရှိကြ