Posts

ရုပ်ရှင်စိန်ရတု @ လူထုဒေါ်အမာ

Image
“. . အဲဒီရုပ်ရှင်တွေ ခုနှယ်ပြန်ကြည့်ရရင် ဘယ်လိုများ နေမယ်မသိ။ ငယ်ငယ်တုန်းက ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာတွေကို ပြန်ပြီး ရယ်ချင်နေမလား မပြောတတ်ဘူး။ နှစ်တွေ၊ ခေတ်တွေ၊ အချိန်တွေ၊ ကာလတွေက ရွေ့လျား ပြောင်းလဲနေတာကိုး။ …” မြန်မာရုပ်ရှင် စပေါ်တာ နှစ်ပေါင်း ၇၅ နှစ်ရှိပြီမို့ စိန်ရတုသဘင် ကျင်းပဖို့ စိုင်းပြင်းနေကြတယ်ဆိုတော့ အမေတို့ ငယ်ငယ်က ရုပ်ရှင်ပေါ်စ ခေတ်ကို ပြန်တွေးမိတယ်။ အမေတို့ဆီမှာ အင်္ဂလိပ်ရုပ်ရှင်ကားတွေ ဘယ်နှစ်ဆီလောက်က စရောက်သလဲတော့ မသိဘူး။ အမေတို့ သိမီတဲ့ အရွယ်ရောက်တော့ မန္တလေးမှာ ရုပ်ရှင်ရုံ ၂ ရုံ ဆောက်ပြီး ရှိနေပြီ။ ၈၁ လမ်းပေါ်က ပထမတစ်စုံက “သီပေါရုံ' တဲ့။ အဲဒီရုံဟာ နောင်တော့ မစိုးရိမ်ကျောင်းအမက ပိုင်တာမို့ 'မစိုးရိမ်ရုံ' လို့ နာမည်ပြောင်း ခေါ်လိုက်တယ်။ ဒုတိယရုံကတော့ သီပေါရုံနဲ့ မျက်နှာချင်းဆိုင် ရွှေတိုက်ရုံလို့ ခေါ်နေကြတဲ့ 'အယ်လီဖင်စတုန်း' ရုပ်ရှင်ရုံပါ။ ဒီ ၂ ရုံမှာ အင်္ဂလိပ်စာတန်းထိုး အင်္ဂလိပ်ကားတွေ ပြနေတာပဲ။ ရုပ်ရှင်တွေက အသံဘိတ်ကားတွေဆိုတော့ ရုပ်ရှင်ပြနေတဲ့အချိန်မှာ ပြကွက်နဲ့ လိုက်ဖက်တန်ရာတဲ့ အတီး တီးပေးလိုတာကြောင့် ရံတိုင်းမှာ ကိုယ်ပိုင်ရုပ်ရှင်တီးဝိုင်းတွေ ရှိကြ

သမီးမိန်းကလေး @ လူထုဒေါ်အမာ

Image
အမေပဲဖြစ်ဖြစ်၊ အဒီဆောင်းပါးကို ဖတ်နေသူပဲဖြစ်ဖြစ်၊ အမေတို့ လူဖြစ်လာကြတာ ဝါးထဲက သန္ဓေမှီးခဲ့တာလည်း မဟုတ်ဘူး၊ ပဒုမ္မာကြာပွင့်ကြီးထဲက ထွက်လာတာလည်း မဟုတ်ဘူး။ မိဘနှစ်ပါးက မွေးဖွားပေးလိုက်လို့ လူရယ်လို့ ဖြစ်လာပြီး လူ့လောကထဲ ရောက်လာကြတာ။ အဲဒီရောက်လာတဲ့ အမေတို့ လူ့လောကဟာ တစ်ယောက်တည်း နေထိုင် ကြီးပြင်းရတာ မဟုတ်ဘူး။ ပထမမိဘဆွေမျိုးဆိုတဲ့ အသိုက်အဝန်းထဲမှာ ကြီးထွားရတယ်။ အဲဒီမိဘဆွေမျိုးဆိုတဲ့ အုံကလေး အဖွဲ့ကလေး ကလည်း လူ့အသိုက် အမြုံကြီးတစ်ခုထဲက အစုအဖွဲ့ ကလေးတစ်ခုသာ ဖြစ်တယ်။ ဒီလူ့အသိုက်အမြုံကြီးဟာ လူရယ်လို့ ဒီနေရာ ဒီဒေသမှာ စုဝေးရောက်ရှိလာကတည်းက စုပေါင်းနေထိုင်လာကြတာဖြစ်လေတော့ နှစ်တွေ ထောင်နဲ့ချီပြီး ကြာခဲ့ပြီ။ ဒီ တို့လူ့အသိုက်အမြုံကို တစ်နေ့တခြား တိုးတက်ကောင်းမွန်လာအောင် Social Responsibility ဆိုတဲ့ လူမှုရေးဝိုင်းအုံတာဝန်ယူကြမှု၊ Social Control ခေါ်တဲ့ လူနှင့်လူချင်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်မှု၊ Cultural Control ခေါ်တဲ့ အစဉ်အဆက်က ရှိခဲ့ကြတဲ့ တို့ယဉ်ကျေးမှုနဲ့ ဝိုင်းဝန်းထိန်းသိမ်းမှုတွေ ရှိကြတယ်။ ဘာမှ ပေါက်လွှတ်ပဲစား မလုပ်ကြရဘူး။ လုပ်မိရင် လုပ်တဲ့သူကို ပထမ မိဘမောင်ဘွား ဦးကြီးဦးလေး မိကြီး မိထွေး

ဘုန်းဘုန်း တာ့ တာ @ လူထုဒေါ်အမာ

Image
ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်း အနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။ “ဘုန်းဘုန်း တာ့-တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။ မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့ - တာက တောကြို အုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။ ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကားတစ်ခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။ "တာ့ - တာ” ဆိုကာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပာယ်ရှိတယ် ဆိုတာကို ဇာစ်ဇာစ်မြစ်မြစ်သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ် ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့်ဘိုင် - တာ့ တာ - ချဲရီးယို" အထိ လုပ်နေကြလေရဲ့။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ အိ

မြန်မာနဲ့ ဘောလုံးပွဲ @ လူထုဒေါ်အမာ

Image
“. . . ဘောလုံးပွဲ ဘောလုံးပွဲနဲ့ အမေတို့ခေတ်ကတည်းက မြို့ချစ်တဲ့ အသင်း ကိုယ်နိုင်စေချင်တဲ့အရပ်သား အသင်းများနိုင်ရင် ပျော်ကြတာကလား၊ နိုင်အောင်လည်း အားပေးကြရ၊ ကိုယ်မနိုင်စေချင်တဲ့ မြို့က မချစ်တဲ့အသင်းဆိုရင် ဘောလုံးကွင်းထဲမှာပဲ အားရပါးရ ဆဲကြတာ။ မြန်မာလူမျိုးဆိုတာ အမေတို့ခေတ် ကတည်းက ဘောလုံးပွဲကို အဲဒီလို အားပေးကြတာကိုး။ …” ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲကြီး အမေရိကားမှာ စတင် ကစားနေပြီမို့ မြန်မာ့ရုပ်မြင်သံကြားက လွှင့်ပေးနေတဲ့ အဲဒီကမ္ဘာလားပွဲကြီး ကစားနေတာကို အမေတို့လူတွေ ကြည့်လိုက်ကြတာ၊ နေ့တိုင်းပဲ။ ဒီလို လွှင့်ခွင့်ရဖို့ စီးကရက် ကုမ္ပဏီတစ်ခုက လုပ်ပေးတာလို့ဆိုတယ်။ ၁၉၉၀ ခုနှစ်တုန်းက ဒီလိုနေ့တိုင်း ကြည့်ခွင့်မရလို့ မကြည့်ခဲ့ကြရဘူး ဟုတ်လား။ ဒီနှစ်တော့ တီဗွီရှိတဲ့ အိမ်တိုင်းမှာ ကြည့်လို့ရအောင် မြန်မာ့ရုပ်မြင်သံကြားကလည်း စီစဉ်ပေးတာမို့ သိပ်နေရာကျတာပဲ။ ဒီရက်တွေမှာ အမေတို့ဆီက လျှပ်စစ်ဌာန စမ်းပွင့်လိုက်ပုံများ မပြောနဲ့တော့။ နိုင်ငံခြားက တင်သွင်းတဲ့ အားကစားတွေ အမျိုးမျိုးရှိတဲ့အနက် ဘောလုံး အားကစားကိုတော့ အမေတို့လူမျိုးတွေက အနှစ်သက်ဆုံး ထင်တာပဲ။ ကလေးလူကြီး တောရောမြို့ပါ ဘောလုံးပွဲကို မကြိုက်တဲ

အမေတို့လူ့အဆောက်အအုံ (၁) @ လူထုဒေါ်အမာ

Image
“... မိုးလင်းလို့ အလုပ်သွားစရာ ရှိတယ်၊ အိမ်မှာ ငယ်ရွယ်သူတွေချည်း ထားရစ်ခဲ့ရတယ်ဆိုရင် အလုပ်ဆင်းရတဲ့ မိဘက အိမ်နီးချင်းနဲ့ ရပ်ကွက်ကို အပ်ခဲ့တာပါ။ အိမ်နီးချင်းက မိဘကိုယ်စား မတော်တာမှန်သမျှ ဆုံးမနိုင်တယ်။ ပြောမရရင် ရိုက်နှက် ဆုံးမတယ်။ ဒါကို ဘယ်သူကမှ စိတ်မဆိုးဘူး။ ဒါဟာ အိမ်နီးချင်းရဲ့ မေတ္တာ စေတနာပဲလို့ ခံယူကြ လေးစားကြတယ်။ …” မကြာသေးမီက အမေတို့မန္တလေးမှာ ရုပ်ရှင်စိန်ရတုသဘင်ပွဲတော်ကြီး ခြိမ့်ခြိမ့်သဲ ကျင်းပသွားတယ်။ ဝင်းလိုက်ရုပ်ရှင်ရုံမှာ ကျင်းပတာဆိုတော့ အမေတို့အိမ်နဲ့ အလွန်နီးကပ်နေတာမို့ သွားမကြည့်ပေမယ့် အများကြီး မြင်ကြားနေရတယ်။ ပွဲတော်ကို ရုပ်ရှင်မင်းသမီးကြီး မေရှင်က ဖဲကြိုးဖြတ်ပြီး ဖွင့်ပေးတာတဲ့။ ဖွင့်ပွဲလုပ်တဲ့အချိန်မှာ လူတွေ ရုတ်ရုတ်သဲသဲ အသံတွေ တဂေါဝေါမြည်ပြီး ပြေးကြလွှားကြ ဖြစ်ကုန်လို့ အမေက “ဟဲ့ ဟဲ့ ဘာများဖြစ်ကုန်လို့လဲ” လို့ အလန့်တကြား မေးကြည့်တော့ “ဘာမှ မဖြစ်ပါဘူး" တဲ့။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ကလေးတွေက ကြည့်ချင်လို့ ပြေးကြ လွှားကြ တိုးကြည့်ကြတာတဲ့။ “ဪ ဖြစ်မှဖြစ်ရလေ" လို့ အမေကဆိုပြီး တစ်ခုခုဖြစ်ကုန်ကြပြီထင်လို့ လန့်သွား စိုးရိမ် သွားတာကိုး။ တကယ်တော့ ပြေးကြ လွှားကြသူတွ

အမျိုးသမီးဝတ်စုံ @ လူထုအဒေါ်အမာ

Image
“... အမျိုးသမီးတွေ ကိုယ့်တိုင်းရင်းသား အဝတ်အစားအတိုင်းပဲ ဝတ်စား ဆင်ပြင်ထားတယ်ဆိုရင်တော့ တော်ရုံသဖြင့် အမြင်ရှိတာနဲ့ ဘယ်နိုင်ငံက အမျိုးသမီးဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ အဲဒီတိုင်းရင်းသားဝတ်စုံတွေဟာ တစ်နိုင်ငံတစ်မျိုးစီ လှကြတာချည်းပါပဲ။ ရောင်စုံပွင့်နေတဲ့ ပန်းမျိုးစုံလိုပါပဲ။ အလှကိုယ်စီ ရှိကြတာပါ။ ဘယ်နိုင်ငံက အမျိုးသမီးဝတ်စုံကတော့ ရိုင်းလိုက်တာ ဆိုတာမျိုး မရှိပါဘူး … ” “အမေရယ် ... ခုခေတ်ကောင်မလေးတွေ ဘောင်းဘီဝတ်ချင်နေတဲ့ရောဂါကို မကုစားကြတော့ဘူးလား။ လက်ပိုက်ကြည့်နေကြမှာလား" လို့ စာအုပ်ဆိုင်ထဲမှာ အမေနဲ့တွေ့တဲ့ လူတစ်ယောက်က အမေ့ကို ပြဿနာတင်လာပါတယ်။ “ဟုတ်လား။ ဘယ်တုန်းကလဲ" လို့ အမေက အလန့်တကြားမေးတော့ “ဗီဒီယိုကားတွေထဲမှာ မင်းသမီးတွေ ဘောင်းဘီဝတ်နေကြတာ၊ အဆိုတော်မတွေ ဘောင်းဘီဝတ်ပြီး သီချင်းဆိုနေကြတာကို ရုပ်မြင်သံကြား နှစ်ခုစလုံးက ပြနေတာပဲ အမေရဲ့။ ဒါခွင့်ပြုတာပေါ့။ ကြေညာချက် မလိုပါဘူး။ ကျွန်တော်တို့သမီးတွေ၊ တူမတွေက ရုပ်မြင်သံကြားကို ကြည့်၊ အဲဒီထဲက မင်းသမီးကလေးတွေ ဝတ်စားဆင်ပြင် ပြတာတွေကို အားလုံး အတုခိုးနေတာ။ ဒီကောင်မလေးတွေဆီ ဘောင်းဘီဝတ်ချင်တဲ့ ရောဂါ ရောက်လာတာပေါ့” တဲ့။ "နို့..မင်းကတော့

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

Image
အထိန်းတော်ကြီးလီက အရက်မသောက်ရန် ဆုံးမခြင်း၊ ပေါက်ယု စိတ်ဆိုး၍ လက်ဖက်ရည်ပန်းကန်ကို ရိုက်ခွဲခြင်း။ နက်ငှက်မယ်နှင့် ပေါက်ယုတို့ စံအိမ်သို့ ပြန်ရောက်သည့်အခါ၌ ပေါက်ယုက မိမိတို့၏ ဆွေမျိုးစုကျောင်းတွင် ကျင်ချွန်း ကျောင်းတက်လိုသည့်အကြောင်း၊ ကျင်ချွန်းလို အဖော်ရှိလျှင် မိမိလည်း ထိုကျောင်းကို တက်ချင်သည့် အကြောင်းကို မယ်မယ်အား ပြောပြ၏။ ပေါက်ယု ကျင်ချွန်း ချစ်စရာကောင်းပုံ၊ သဘောကောင်းပုံများကို အမွှမ်းတင် ပြောပြ၏။ နတ်ငှက်မယ်ကလည်း ပေါက်ယုစကားကို ထောက်ခံကာ “ဟုတ်တယ် မယ်မယ်ရဲ့။ တစ်ရက်နှစ်ရက်လောက်ဆိုယင် ကျင်ချွန်းလဲ မယ်မယ့်ကို လာကန်တော့မယ်လို့ ပြောသွားပါသေးတယ်'' ဟု ပြောလေရာ မိမိအား လာရောက် ကန်တော့မည် ဆိုသည့်သတင်းကို ကြားသည့်အခါ မယ်မယ်မှာ ဝမ်းသာလျက်ရှိ၏။ နတ်ငှက်မယ်သည် ထိုအခါအခွင့်ကိုယူကာ မယ်မယ့်အား နောင်လာမည့် တစ်ရက်နှစ်ရက်အတွင်း ဇာတ်ပွဲလိုက်ကြည့်ရန် ဖိတ်၏။ မယ်မယ်သည် အသက်ကြီးသည့်တိုင် အပျော်အပါးကို ဝါသနာပါဆဲ ဖြစ်၏။ နောက်နှစ်ရက်ကြာ၍ မမယုက ဇာတ်ပွဲကြည့်ရန် လာဖိတ်သည့်အခါ၌ သခင်မဝမ်၊ ထိုက်ယု၊ ပေါက်ယုနှင့် အခြားသူများ အားလုံးကိုလည်း ဇာတ်ပွဲသို့ ခေါ်သွား၏။ နေ့လယ်နေ့ခင်းဆိုလျှင် မယ်မယ်သည် တစ်ရေးတမော အိပ်လ