သိသောသူမည်ကား ကြားပါစေ . . .( ၇ ) @ သိုးဆောင်း

 


မေမေက ပြတ်တယ်။

"မေမေ လုံးဝ သဘောမတူနိုင်ဘူး သား"

ဖေဖေကတော့ လူကြီးဆန်တယ်။

"အိမ်ထောင်ပြုပြီးသွားရင် မင်းက ဦးဆောင်မှာလား ၊ နောက်လိုက်လုပ်မှာလား"

"ဟာ . . . ဖေဖေကလည်း သားက ယောကျ်ားလေးပဲ ၊ သား ဦးဆောင်မှာပေါ့"

"ဒါဆိုရင်တော့ မင်းယူမယ့် မိန်းမလေးမှာ ဇနီးတစ်ဦးအတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိရဲ့လား သေချာလေ့လာပါ ၊ ရှိတယ်ဆိုရင်တော့ . . ."

ပြီးပြီလေ ။ ဖေဖေ့စကားက ရှင်းနေပြီပဲ။

နောက်ဆုံးတော့ သားကိုချစ်သော မိဘတွေရဲ့ ထုံးစံအတိုင်း တစ်ခုသော အချိန်ကာလမှာ မိဘတို့ ဝတ္တရားရှိသည်နှင့်အညီ ကောင်းမွန်စွာ ဆောင်ရွက်ပေးခဲ့ပါတယ်။

သုန္ဒရီ Third Year နှစ်မှာပေါ့။


. . .


"တျာနီမြန်း ၊ ချစ်နှုတ်ခမ်းပလီ x x x  သမင်မျက်လုံး

ရှုမက်မဆုံးပြီ x x x  အမ္မရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူ

ထူးမြတ်တဲ့ ဆုတွေအညီ x x x ဘယ်ရှေးဆုတောင်း

ဘယ်အကြောင်းငယ်ဖန်သည် x x x 

ညကမ္ဘာလေးမှာ ပျော်စရာ ၊ ရွှင်စရာ ၊ အထူးသရုပ်ဆောင်သည် x x x 

လက်ခုပ်ဩဘာ ဆူညံသံတွေ နဘံမိုးသို့ ညံစီ

ကသာ ၊ ကပါ ရွှေသုန္ဒရီရေ မောင်လည်း ကြည့်ချင်သည် x x x 

သူ့အလှတောမှာ စုံချည်ဆန်ချည် ရင်မောလှပါသည် x x x 

ဒီဘဝမှာ မနီးရရင်ဖြင့် ကြီးဒုက္ခမီး ဖိစီးလိမ့်မည် x x x "


. . .

အပိုင်း - ၈ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်