(၁)
သည်ရက်ထဲမှာ William Saroyan ၏ ‘The first day of school’ ဝတ္ထုတိုကလေးကို ဖတ်ဖြစ်ပါသည်။ ကလေးတစ်ယောက် ကျောင်းစတက်ရသောနေ့ ကို ဖွဲ့ထားခြင်းဖြစ်သည်။ William Saroyan ၏ ဝတ္ထုတိုများကို ကျွန်တော်တော်တော်များများဖတ်ဖူး ပါသည်။ အထူးသဖြင့် စင်ကာပူနိုင်ငံရေမြေနောက်ခံ၊ သဘာဝသွင်ပြင်နောက်ခံတွေကို ရေးဖွဲ့တတ်သူဖြစ်၏။ (သူ၏ ဖားခုန်ပြိုင်ပွဲ၊ The great leapfrog contest ဝတ္ထုတိုဆိုလျှင် ကျွန်တော်စွဲလန်းသည့်ဝတ္ထုတိုတွေထဲမှာ တစ်ပုဒ်ပါဝင်သည်။ ) အခု ကျွန်တော်ဖတ် ဖြစ်သည့် ဝတ္ထုတိုကတော့ ကလေးငယ်တစ်ယောက်၏ ကျောင်းကြောက်သောခံစားမှုကို ရိုးရိုးလေးရေးဖွဲ့ထားသည်ဖြစ်ရာ ကျွန်တော့်ငယ်ဘဝကိုပင် ပြန်လည်သတိရမိပါသည်။ ဝတ္ထုတို၏အကြောင်းအရာကို ဦးစွာပြောချင်ပါသည်။
ဒေါက်တာလူဝီဒေဗီတွင် သားကလေးတစ်ယောက်ရှိ၍ အမည်က ဂျင်မ်ဖြစ်သည်။ ဂျင်မ်၏မိခင်က ဂျင်မ်မွေးပြီးပြီးချင်း ကွယ်လွန်ရှာသည်။ ဒေါက်တာလူဝီဒေဗီအဖို့ အိမ်ဖော်မကြီးအေမီ၏ ပြုစုစောင့်ရှောက်မှုနှင့် နေရသည်။ အေမီက ဆွီဒင်အမျိုးသမီး ကြီးဖြစ်၍ ဒေါက်တာလူဝီဒေဗီတို့သားအဖနှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်သည်။ အေမီက ဂျင်မ့်ကို ခါတိုင်းတနင်္ဂနွေတီးဝိုင်းများ ရှိရာပန်းခြံကိုပို့နေကျ။ ဂျင်မ်ကျောင်းတက်ရမည့်အရွယ်ရောက်တော့ ကျောင်းပို့ရပြီ။ ဂျင်မ်က ကျောင်းမသွားချင်။ တစ်လမ်းလုံး အိမ်ဖော်ကြီး အေမီ့ကိုဂျီကျသည်။
“ကျွန်တော် အေမီ့ကို မကြိုက်ဘူး”
“နောက်ထပ် နောက်ထပ်လည်း မကြိုက်ဘူး”
“ငါကတော့ ကြိုက်ပါသကွယ်”
“အေမီ . . . ဘာဖြစ်လို့ ကျွန်တော့်ကို ကျောင်းပို့တာလဲ”
“မင်းကိုချစ်လို့ပေါ့”
“ကျောင်းကိုဘာကိစ္စနဲ့ သွားရတာလဲ”
“ကလေးတိုင်းကျောင်းသွားကြရတာပဲကွယ့်”
“အေမီကော ကျောင်းသွားဖူးသလား”
“ဟင့်အင်း . . . .”
“ဒါဖြင့် ကျွန်တော့်ကျတော့ ဘာဖြစ်လို့ကျောင်းပို့တာလဲ”
“မင်းသွားစေချင်လို့ပေါ့”
ဖတ်လက်စဝတ္ထုတိုကို ပိတ်လိုက်ပြီး ငေးနေမိပါသည်။ ကျွန်တော်ကျောင်းနေစဉ်က ကျောင်းပို့သူနှစ်ဦးရှိခဲ့ပါသည်။ တစ်ဦးက အမေဖြစ်၍ တစ်ဦးက ကြည်ကြည်ဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ခြောက်နှစ်ပြည့်မှ ကျောင်းနေခွင့်ရသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီးနှစ်နှစ်တက်ရသည်ဖြစ်၍ တစ်တန်း(ပထမတန်း) လောက်ရောက်ကြပြီဆိုလျှင် ခုနစ်နှစ် ရှစ်နှစ်သား လူကောင်ကြီး တွေ ထွားကြလှပြီ။ ကျောင်းနှင့်အိမ်မဝေးလှသော်လည်း အမေက မနက်တိုင်း ကျောင်းဝအထိ လိုက်ပို့နေကျ။ အမေက ကျောင်းပို့ ချင်သလို ကျွန်တော်ကလည်း ပို့စေချင်သည်။ ကျွန်တော်တို့အိမ်က လမ်းတောင်ဘက်တွင်ရှိ၍ လမ်းကိုကျော်လိုက်သည်နှင့် ဘုရား ကျောင်းဝင်းထဲကိုရောက်သည်။ ဟိန္ဒူဘုရားကျောင်းဖြစ်၍ ကြာရေကန်ကြီးတစ်ကန်လည်းရှိသည်။ အမေက ကျောင်းပို့ရင်းဟိန္ဒူ ဘုရားကျောင်း ဥပသကာကြီးနှင့် စကားတွေရပ်ပြောတတ်သည်။ အဓိကပြောကြသည့်အကြောင်းက အဖေ့ဆီကစာလာသလား၊ စာလာလျှင် ဘာတွေပါသလဲ၊ ဘယ်တော့လာမှာတဲ့လဲ၊ ငွေကောပို့ရဲ့လား စသည့်မေးခွန်းများကို အမေဖြေရခြင်းဖြစ်သည်။ အဖေ့ဆီ က စာရောက်စရက်များ သို့မဟုတ် ငွေရောက်စရက်များဆိုလျှင်တော့ အမေ့စကားတွေက ဝေေ၀ဆာဆာရှိတတ်တာကို ကျွန်တော် သတိထားမိပါသည်။ စာမရောက်တာကြာလို့၊ ငွေမပို့တာကြာလို့ အမေကိုယ်တိုင်မျှော်နေချိန်မှာ သည်မေးခွန်းတွေမေးလျှင် အမေ မရွှင်လန်းပါ။
“ဥပသကာကြီးရယ် . . မလာပြန်ဘူး . . ကျွန်မက ကျန်းမာရဲ့လား၊ နေထိုင်ကောင်းရဲ့လား သိချင်တာပါ၊ တလောက ရင်ကြပ် ရောဂါရနေတယ်လို့ စာထဲပါတယ်။ အဲဒါပဲ စိတ်ပူနေရတယ်၊ နေတာ စားတာကတော့ ကျွန်မတို့ သားအမိမပူရပါဘူး . . . ”
“ဘုရားသခင် ကောင်းကင်ကစောင့်ရှောက်တော်မူနေတာပဲ၊ အလုံးစုံသိတော်မူသောဘုရားရှင်ပဲ . . . ဘုရားမှာဆုတောင်း ပန်းရေချမ်းကပ်လှူ . . . ကြားလား”
ဥပသကားကြီးက အမေ့နဖူးကို မင်္ဂလာပြာတစ်တို့တို့ကာ ဆုတွေပေးတတ်သည်။ အမေက မျက်စေ့မှိတ်ထားရင်း မင်္ဂလာ ဆုကိုခံယူနေသည့်အခါ ကျွန်တော်က ကျောင်းလွယ်အိတ်ကို တစောင်းလွယ်ရင်းစောင့်နေရသည်။ ပြီးလျှင်တော့ အမေက ကြာရေ ကန်ကိုသွားကြည့်တတ်သည်။ ကြာကန်ကနက်သည်။ ကြာပြာနှင့်ကြာနီတွေ။ ကြာဖြူတွေက ဟိုတစ်ပြောက် သည်တစ်ပြောက် သား အမိနှစ်ယောက်ကြာကန်ကိုကြည့်ပြီးမှ ကျောင်းကိုသွားကြသည်။ ဟိန္ဒူဘုရားကျောင်းနှင့် ကျောင်းကြားမှာ ဘောလုံးကွင်းကြီးခံနေ တော့ ဘောလုံးကွင်းကို ဖြတ်ရသည်။ အမေနှင့် ကျွန်တော်ဘောလုံးကွင်း တစ်ကွင်းစာ စာကားတွေပြောရသည်။
“အဖေရင်ကြပ်ရောဂါရနေတယ် ဟုတ်လား အမေ”
“အအေးပတ်တာနဲ့တူပါတယ် . . . ကောင်းသွားပါပြီ၊ ငါ့သားက စိတ်ပူတတ်သားပဲ”
“အဖေ့ဆီက စာလာလို့လား . . . ကျွန်တော်လဲမတွေ့ပါလား”
“စာတိုက်ကဦးညွန့်မောင်နဲ့ ဈေးထဲတွေ့လို့ပေးတာ . . .”
“ခါတိုင်းရေနံချောင်းကလူကြုံနဲ့လာတာ မဟုတ်လားအမေရဲ့”
“ဟုတ်တယ် . . အခုက စာတိုက်လာတာ”
အမေ ကျွန်တော့်ကို ညာနေမှန်းသိပါသည်။ ကျွန်တော်ကလည်း ယုံချင်ဟန်ဆောင်လိုက်သည်။ ကျောင်းဝရောက်ကာနီးပြီ။ ကျောင်းရှေ့က ကန္တာရပင်နှင့် စိန်ပန်းပင်ကိုမြင်ရပြီ။ အမေက ချွေးခံထဲက ပိုက်ဆံတစ်မတ် (တစ်ခါတစ်ရံဆယ်ပြား) ထုတ်ပေးသည်။ “ကဏန်းချောင်းတွေမစားနဲ့ ရင်ကြပ်တတ်တယ်” လို့ မှာတတ်သည်။ ကဏန်းချောင်းဆိုတာ ဝါးလုံးတစ်လုံးကို အခဲလိုက်ပစ်ရစ်ထား သော အရောင်ဆိုးကပ်စေးနှဲဖြစ်သည်။ ကျောင်းစောင့်ကြီးဦးသောင်းစိန်ကိုယ်တိုင်ပြုလုပ်ရောင်းချသော ထိုကပ်စေးနှဲပျင်းတွဲတွဲကို ဘယ်လိုကြောင့် ကဏန်းချောင်းဟုခေါ်ကြသလဲဆိုတာတော့ ဘယ်သူမှမပြောနိုင်ပါ။ ဝါးလုံးတွင် ရစ်ထားသော ကပ်စေးနှဲတွေကို ဆွဲယူကာနီးတိုင်း သူ့ညာလက်ကို တံတွေးဖြင့် တဖျီးဖျီးထွေးတာကို ဝယ်စားကြသူတိုင်း မြင်ကြသော်လည်း ဘယ်သူကမှ ရွ့စရာ ကောင်းလိုက်တာလို့ မပြောခဲ့ကြတာကလည်း ထူးဆန်းသည်။
ကျွန်တော် ကျောင်းဝင်းထဲ မဝင်သေးပါ။ အမေ့ကိုမော့ကြည့်သည်။ ထိုတစ်ခဏ၌ အမေကလည်း ကျွန်တော့်ကိုကြည့်နေလေ့ ရှိသည်။ ကျွန်တော့်မျက်နှာမကောင်းသလို အမေ့မျက်နှာကလည်း မရွှင်လန်းပါ။
“ကျွန်တော် ကျောင်းမတက်ခင်ပါဘူး”
“မတက်လို့ဘယ်ရပါ့မလဲ”
“အိမ်မှာဘဲနေချင်တယ်”
“အိမ်မှာဘဲနေချင်လို့ ဘယ်ရပါ့မလဲ”
“ကျွန်တော်ကျောင်းကိုကြောက်တယ်”
“ကြောက်လို့ဘယ်ဖြစ်ပါ့မလဲ”

(၂)
အိမ်ဖော်မကြီးအေမီက ဂျင့်မ်ကိုကျောင်းကြောက်မှန်းသိသည်။ ချော့သည်။
“ကျောင်းသွားရမှာပေါ့၊ ကျောင်းမှာသီချင်းတွေဆိုရမယ်၊ ကစားရမယ်”
“ကျွန်တော်မလုပ်ချင်ဘူး . . . ”
“ငါနေ့လည်လာခေါ်မှာပဲဟာ”
“မလိုချင်ဘူး”
အေမီက ဂျင်မ်ကျောင်းကြောက်တာကိုသိသလို ကျောင်းဆိုတာ မသွားလို့မဖြစ်သည့်နေရာဆိုတာကိုလည်း သိသည်။ ကလေး မပြောပါနှင့်။ အေမီလို အိမ်ဖော်မကြီးကတောင် ကျောင်းကိုကြောက်သည်။ ကျောင်းကပုံဆိုးဆိုး။ ဂျင်မ့်ကိုကျောင်းမတက်စေချင် သည့် စိတ်ရှိသော်လည်း ကျောင်းလှေကားကြီးပေါ်ကို အေမီကိုယ်တိုင်ခေါ်တင်လာလေ့ရှိသည်။ ကျောင်းခန်းမနှင့် စာသင်ခန်းတွေက အေမီ့ကိုရော ဂျင်မ့်ကိုပါ ထိတ်လန့်စေသည်။ အနံ့ကလည်း ဆိုးလိုက်တာ။ ကျောင်းအုပ်ကြီးမစ္စတာ ဘာဘာကိုလည်း ကြည်ညိုလို့ မရ။ ကျောင်းအုပ်ဆရာကြီးက ဂျင်မ့်ကို ပထမတန်းမှာစနေစေသည်။ စာမလိုက်နိုင်မှ သူငယ်တန်းပြန်ရွှေ့မည်ဟုဆို၏။ အတန်းပိုင် ဆရာမ မိစ်ဘင်နီက အသက်ကြီးလှပြီဖြစ်၍ အမြဲတမ်းခြောက်ခြောက်ခန်းခန်းရှိသူဖြစ်သည်။ ကျောင်းခန်းထဲမှာ ယောကျ်ားလေး၊ မိန်းကလေး များများစားစားမရှိ။ ကျောင်းနံ့ကဆန်းကြယ်သလောက် ကြေကွဲစရာကောင်းသော အနံ့မျိုးဖြစ်သည်။ ဆရာမမိစ်ဘင်နီ က ကလေးတိုင်းကို လိုက်ကြည့်သည်။
“ဟန်နာဝင်းတား . . ဘာတွေဝါးနေတာလဲ အခုထွေးထုတ်စမ်း . . အမှိုက်ပုံးထဲသွားပစ်ချေ . . .”
“ကပ်စေးနှဲ (gum) ပါ ဆရာမ . . . .”
“အားနက်စ်ဂတ်စကင် . . ဘာတွေဝါးနေတာလဲ . . အခုထွေးထုတ်စမ်း . . အမှိုက်ပုံးထဲ သွားပစ်ချေ . . ”
“ကပ်စေးနှဲပါဆရာမ”
ဂျင်မ်က ဆရာမကိုကြောက်နေသည်။ ကျောင်းဆိုတာ ကပ်စေးနှဲမဝါးရသည့်နေရာများလား၊ ကလေးချင်းတစ်ယောက်ကိုတစ် ယောက်မဟုတ်ကဟုတ်ကတွေ သင်ပေးကြသည်။ ဂျင်မ်ကိုယ်တိုင်ပျော်သလိုလိုရှိသော်လည်း ကျောင်းလွှတ်ချိန် အေမီလာကြိုသည့် အခါ မျက်နှာမကောင်း။ မကြည်သာ။ မနက်က မျက်နှာအတိုင်းပင်။ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သည်ပင် ကြောက်စရာလို့ အေမီထင်ပါသည်။
“နှစ်ဆယ့်ကိုးပြီး ဘာလာသလဲ အေမီ”
“သုံးဆယ်”
“နင့်မျက်နှာကိုမုန်းတယ်”
ကျောင်းကတတ်လာသော စကားထာတွေ၊ စကားလိမ်တွေ ထူးထူးဆန်းဆန်းတွေကို ဂျင်မ်မှတ်သားလာကာ ကျောင်းပြန်လမ်း မှာ အေမီ့ကိုပြောပြတတ်သည်။ ဆင်သားအစိမ်းစားတာတို့၊ တွတ်ပီဖရုတီကပ်စေးနှဲတို့၊ ဆံပင်ခေါင်းခေါက်ပြီး ခေါက်ဆွဲတို့လို စကား တွေဖြစ်သည်။ သည်လိုဆိုတော့လည်း အေမီဝမ်းသာသည်။
“ဒါဆို ကျောင်းပျော်ပြီပေါ့”
“မပျော်ဘူး”
အမေနှင့် ကျွန်တော်လည်း မထူးပါ။ အမေက ကျောင်းရှေ့က ကန္တာရပင်အောက်မှာ တဘက်တစ်ထည်ခေါင်းတင်ကာ ကျွန်တော်မြင်အောင်ပြနေတတ်သည်။ ကျွန်တော်သတိရလို့ လှမ်းကြည့်သည့်အခါတိုင်း အမေရှိနေသည်။ မုန့်စားကျောင်း လွှတ်ချိန် ဆိုလျှင်တော့ အမေကိုယ်တိုင် ဒေါ်ကြီးအုန်းသင်ဆိုင်မှာ ငှက်ပျောဖူးသုပ်ဝယ်ကျွေးသည်။ စားပြီးတိုင်းကျောင်းကရခဲ့သည့် ပညာခန်း တွေ အမေ့ကိုပြောပြသည်။ အမေကရယ်သည်။ ကျွန်တော်ကျောင်းပျော်ပြီဟု တွက်ပုံရသည်။ မုန့်စာကျောင်းပြန်တက်တော့ အမေ အိမ်ခဏပြန်ကာ ထမင်းစားချိန်ပြန်ရောက်လာပြန်သည်။ ထမင်းစားပြီးလို့ ကျောင်းပြန်တက်ရတော့မည်ဆိုလျှင် ကျွန်တော်ဝမ်းနည်း နေတတ်သည်။ ထိုအခါ အမေကိုယ်တိုင် ကျွန်တော့်ကိုနားမလည်နိုင်သလို ကြည့်သည်။
“သားကျောင်းပျော်ပြီမှတ်နေတာ . . . ကျောင်းပျော်တော့လေ”
“မပျော်ပါဘူး . . .”
ညနေကျောင်းဆင်းချိန် အမေနှင့်အတူ ဘောလုံးကွင်းကိုဖြတ်ရင်း စကားတွေပြောခဲ့ကြသည်။ နောက်တစ်နေ့မနက်အထိ ကျောင်းပိတ်ပြီဟု ကျွန်တော်တွေးသည်။ ကျောင်းတက်ရက်တစ်ရက်ကုန်ပြီဟု တွေးပြီး ပျော်သည်။ ကျွန်တော်ပျော်တော့အမေလည်း ပျော်သည်။ နောက်တစ်နေ့မနက်ကျောင်းကိုလာကြတော့ အမေပါလာပြန်သည်။ ဘုရားကျောင်းရှေ့ရောက်တော့ အမွှေးတိုင်နှင့် ဖယောင်းတိုင်တွေ ပသကာကြီးကိုလှူသည်။ ဥပသကာကြီးက ကတုန်ကရီ ဆုတွေပေးသည်။ နဖူးကို မင်္ဂလာပြာတို့ပေးသည်။
“သူ့အဖေဆီက စာနဲ့ပိုက်ဆံလာတယ် ဥပသကာကြီးရဲ့ . . သူ့အဖေကုသိုလ်ရအောင်လှူတာပါ ဆုတောင်းပေးပါဦး”
အမေက ကျောင်းရုံးခန်းကိုဝင်ကာ ကျောင်းအုပ်ဆရာကြီးကိုလည်း အမွှေးတိုင်နှင့် ဖယောင်းတိုင်တွေပေးသည်။ စာသင် ကျောင်းနှင့် အမွှေးတိုင်၊ ဖယောင်းတိုင်ဆိုင်တာမဆိုင်တာ အမေသိချင်သိမည်။ သိချင်မှသိမည်။ အမေကတော့ ပေးနေကျ။ ဆရာ ကြီးကလည်း လက်ခံယူတာမှတ်မိသည်။ ကျောင်းရုံးခန်းထဲဝင်တိုင်း အမေဖိနပ်ချွတ်လေ့ရှိသည်။
“ဒါ ကျွန်မသားလေးပါဆရာကြီး . .. သူငယ်တန်းမှာပါ”
“ကောင်းတယ် . . ကောင်းတယ်”
အမေက ကျောင်းဝက ကန္တာရပင်အောက်ကို ပြန်သွားပြီး ကျွန်တော်ကစာသင်ခန်းထဲဝင်ရသည်။ တစ်ချို့ရက်တွေမှာတော့ အမေနှင့် ကျွန်တော်ကျောင်းလာကြရင်း ကြာကန်ဘေးမှာ ကျောင်းဆီကသံချောင်းခေါက်သံ မကြားမချင်းရှိနေကြသည်။ကျွန်တော် က လိပ်ပြာဖမ်းရင်း၊ ပုစဉ်းဖမ်းရင်း ကန်တစ်ပတ်လည်တော့ အမေလည်း တစ်ပတ်လည်တော့သည်။ လိပ်ပြာတွေကပါးသည်။ လျင် သည်။ လူရိပ်မြင်သည်နှင့်ထပျံကြသည်။ ပုစဉ်းနီနီဝါဝါကြီးတွေက အထနှေးကြ၏။ စက္ကန့်တစ်ဝက်စာလောက် နားကြရင်း တစ်ခါ တလေ ငေါင်နေတတ်ကြသည်။ တစ်ခါတစ်ရံကျောင်းတက်ခေါင်းလောင်းသံကြားရချိန်အထိ ပုစဉ်းမမိတတ်ပါ။ မိပြန်တော့လည်း အမေက နင့်အသက်တစ်ခါလွှတ် ငါ့အသက် ခါတိုင်းခါတိုင်း လွှတ်လို့ဆိုခိုင်းကာ ပြန်လွှတ်ခိုင်းတတ်ပါသည်။ ကျွန်တော်က မလွှတ် ချင်။ ခဲရာခဲဆစ် ဖမ်းထားရတာမဟုတ်လား။
“နင်တောင် ကျောင်းမပျော်ဘဲနဲ့ ပုစဉ်းကကော နင့်လက်ထဲမှာ ပျော်ပါ့မလား”
ပုစဉ်းနှစ်ကောင်ကို ကျွန်တော်လွှတ်လိုက်သည်။ ကျောင်းတက်ရက်များလာသည်နှင့်အမျှ ကျွန်တော် ကျောင်းပျော်ဘို့ကောင်း ပြီဟု အမေတွက်ပုံရသည်။ သူငယ်ချင်းတွေလည်း ရှိပြီ။ ကျောင်းမှာ မျောက်တစ်ကောင်လိုလည်း ဆော့တတ်ပြီ။ ကျွန်တော်အမေ့ကို ညာလိုက်သည်။ “ကျွန်တော်မပျော်ဘူး”။
သည်တစ်ခါတော့ အမေငိုလေသည်။
(၃)
သည့်နောက်ပိုင်း ကျွန်တော့်ကိုကျောင်းပို့သူမှာ ကြည်ကြည်ဖြစ်လာသည်။ ကြည်ကြည်က ကျွန်တော်တို့နှင့် ဆွေမျိုးဝေး သည်။ ကျွန်တော်တို့ဝိုင်းထဲမှာဘဲနေသည်။ သူ့ယောကျ်ားက မြေတူးသမားဖြစ်၍ ကြည်ကြည်က အမေတို့ဒွေးလေးတို့၏ တောက် တိုမယ်ရခိုင်းရသူဖြစ်သည်။ ကျွန်တော်နှင့် ဝမ်းကွဲမောင်နှမတွေအားလုံးက ကြည်ကြည့်ကိုချစ်ကြပါသည်။ ကျွန်တော်တို့အဝတ် ဟောင်းတွေကို ကြည်ကြည်လျှော်ဖွပ်ပေးသည်။ သံမီးပူကြီးနှင့် မီးပူတိုက်ပေးသည်။ အကြော်စားချင်တယ်ဆိုလျှင် အလွန်ဝေးလံ သောအရပ်အထိ ခြေလျင်လျှောက်သွားကာ ပါအောင်ဝယ်လာတတ်သည်။ ညဖက်ကွပ်ပျစ်ပေါ်အိပ်နေကြသမျှသော ကလေးတွေကို တစ်ကောင်စီကောက်ရင်း ဆိုင်ရာမိဘကိုအပ်သည်။ မနက်ဖက်တစ်ဝိုင်းလုံးကို တံမျက်လှည်းသည်။ ကျွန်တော်တို့ကို ရေချိုး၊ သနပ် ခါးလိမ်း၊ အုန်းဆီလိမ်း။ နောက်တော့ ကျွန်တော့်ကို ကျောင်းပို့ရသည့် တာဝန်ပါ ကြည်ကြည်ရသွားသည်။ (အခြားမောင်နှမတွေက ကျွန်တော်လိုမဟုတ်ပါ။) ကြည်ကြည်ကတော့ မနက်ပိုင်းကျောင်းဝအရောက်ပို့ရုံသာ။
“ကျွန်တော်ကျောင်းမတက်ချင်ဘူး”
“ကျောင်းမတက်ချင်လို့ဘယ်ရပါ့မလဲ”
“ကျောင်းမတက်တော့ဘာဖြစ်သလဲ”
“အများတကာတက်နေကြတာပဲ၊ စာတော့တတ်ရမှာပေါ့”
“စာမတတ်တော့ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး . . ကြည်ကြည်လည်း စာမှမတတ်တာ”
“ကျွန်တော်ကျောင်းကိုကြောက်တယ်”
“ဆရာမတွေကရိုက်လို့လား”
ကျွန်တော်က ဟုတ်သလိုလိုငြိမ်နေလိုက်သည်။ သည်လိုဆိုတော့ ကြည်ကြည်စိတ်ကောင်ပုံမရ။
“ကြည်ကြည်ငယ်ငယ်က ကျောင်းမနေဘူးလား”
“မနေခဲ့ရဘူး”
“ကြည်ကြည်ကံကောင်းတာပေါ့”
ကျွန်တော်စကားကြောင့် ကြည်ကြည်လန့်သွားပုံရသည်။ ကျွန်တော့်လက်ကို မြဲမြဲဆွဲကာ ကျောင်းဝင်းထဲရောက်အောင်ပို့ သည်။ ကျောင်းဝင်းထဲမှာ ကြည်ကြည်က အမေပေးလိုက်သည့် ပိုက်ဆံ တစ်မတ်ကိုထုတ်ပေးသည်။
“ကဏန်းချောင်းဝယ်စား . . ကောင်းတယ်”
အမေနှင့် ကြည်ကြည်မတူတာသည့် တစ်ချက်ပဲရှိသည်။ သူငယ်တန်းနှစ်ဝက် တစ်ဝက်ကို ကြည်ကြည်ပဲ ကျောင်းပို့ခဲ့တာ ကျွန်တော် မှတ်မိပါသည်။ နှစ်တစ်ဝက်လောက်မှာ အမေကြံစိုက်ခင်းထဲဝင်ရ၍ ဖြစ်သည်။
(၄)
William Saroyan ၏ ဝတ္ထုတို အဆုံးတွင် ဂျင်မ်ကကျောင်းကတတ်လာလာသော စကာဆန်းတွေအော်ရင်း ဖခင်ကို ပညာတွေ စမ်းသည်။ ဆင်သားဝါးမလားလို့ အော်နေတော့ ဖခင်က ဖတ်လက်စသတင်းစာကိုချကာ သားငယ်အနီးဝင်ထိုင်သည်။ ဒါကို အိမ်ဖော် မကြီးအေမီမြင်တော့ ခံစားမှုဖြင့် မျက်ရည်ကျသည်။ ဝတ္ထတိုကတော့ ဆုံးတော့လည်း အတွေးစီကာစဉ်ကာ။ ကျွန်တော့်ကို ကျောင်းပို့ ခဲ့သည် အမေနှင့်ကြည်ကြည့်ကို အောင်းမေ့နေမိပါသည်။ အိမ်ဖော်မကြီး အေမီ့လိုပင် ကျောင်းပို့တာဝန်ကိုယူခဲ့ကြသော်လည်း စာ မတတ်ကြသူတွေ။ အမေရာ ကြည်ကြည်ပါ စာမတတ်ရှာကြပါ။ ကျွန်တော့်ကိုတော့ ကျောင်းကိုပို့ခဲ့ကြသည်။ စာတတ်စေချင်ကြ သည်။ ဘာဖြစ်လို့ စာတတ်ဖို့လိုသလဲ။ ဒါကိုတော့ အမေရောကြည်ကြည်ပါ ကျွန်တော်နားပေါက်အောင် ဒါမှမဟုတ် ဘဝင်ကျ အောင် ဒါမှမဟုတ် ခံယူနိုင်အောင် မပြောနိုင်ခဲ့ကြတာကိုလည်း ကျွန်တော်အမှတ် ထင်ထင်ရှိနေခဲ့သည်။ အခုတော့ အမေရော ကြည်ကြည်ပါ မရှိကြတော့ပြီ။ အမေနှင့် ကြည်ကြည့်ကျေးဇူးတရားတွေသာ ကျန်ရစ်ခဲ့သည်။
(၅)
ကျွန်တော်နှင့်သမီးကလေးကြားမှာ အသက်ငါးဆယ်ကွာသည်။ သမီးက ငါးနှစ်၊ ကျွန်တော်က ငါးဆယ်ကျော်။ မနက်ဖက် သမီး ကိုကျောင်းပို့ရသည့်တာဝန် ပိုလာခဲ့ပြီ။ ကျောင်းနှင့်အိမ်က မဝေးပါ။ မနက်ဖက် သမီးလက်ကိုဆွဲရင်း ရေဘူးနှင့် ကျောင်းလွယ်အိတ် ကို လွယ်ကာ သမီးနှင့်စကားတပြောပြော ကျောင်းသွားရတာကို ကျွန်တော်ပျော်ပါသည်။ သမီးကလေးကကော ပျော်ရဲ့လား။ ကျောင်းစတက်ကာစ အိမ်ကို စွဲလန်းလို့လားတော့မသိပါ။ တစ်ရက်တွင် ကျွန်တော်ကိုယ်တိုင် ထင်မှတ်မထားသော စကားကိုဆိုလေ ၏။ သမီးမျက်နှာသုန်သုန်မှုန်ဆန်။
“သမီးကလေး . . ပျော်တယ်မဟုတ်လား”
“မပျော်ဘူး”
သမီးကလေးနားပေါက်အောင် ဒါမှမဟုတ် ဘဝင်ကျအောင် ဒါမှမဟုတ် ခံယူနိုင်အောင် ပြောချင်သော်လည်း ကျွန်တော်မပြော တတ်ပါ။ ဆွီဒင်လူမျိုး အိမ်ဖော်မကြီး အေမီ၊ အမေနှင့် ကြည်ကြည်တို့ကို ကျွန်တော်လွမ်းမိလေသည်။ ။
နေဝင်းမြင့်
Idea Magazine - October 2009

Comments
Post a Comment