❝ သူတစ်စိမ်း ❞ @ မင်းခိုက်စိုးစန်



( တစ် )


ကျွန်တော်သည် ကြောင်တစ်ကောင် ဖြစ်ပါသည် ။ ပိုပြီး တိတိကျကျ ပြောရလျှင် ကျွန်တော်သည် ကိုယ့်ကို ချစ်ခင် ယုယသူများ၏ လက်ပေါ် တွင် အပျင်းကြီး နေသည့် ကြောင်တစ်ကောင် ဖြစ်ပါသည် ။

ခြင်္သေ့များ ၊ ကျားများ နှင့် ကျားသစ်များ သည် “ ကြောင်ကြီး မျိုးနွယ်ဝင် အုပ်စု ” ထဲတွင် ပါဝင်သည် ဟူသော သတ္တဗေဒ ပါရဂူ တို့ ၏ အဆိုအရ ကျွန်တော် သည် အဆိုပါ “ အကောင်ကြီး ” များနှင့် အလိုလို နေရင်း ဆွေမျိုး တော်စပ် နေသူ လည်း ဖြစ်ပါသည် ။

သို့သော် ... ကြောင် တစ်ကောင်သည် ဘယ်တုန်းကမှ ခြင်္သေ့လို ဟိန်းရန် ဟောက်ရန် ကြိုးစားခဲ့ဖူးခြင်း မရှိသည်ကို သင် သတိထား မိပါသလား ...

စကားစပ်မိ၍ ပြောရလျှင် သင်ကော ကျွန်တော်ပါ နပိုလီယန်ကို ကောင်းစွာ သိကြသော်လည်း “ နိပိုလီယန်၏ ယောက်ဖ ” အမည်ကို ( ဘယ် ... သမိုင်း စာမျက်နှာကမှ မော်ကွန်း မထိုးခဲ့သောကြောင့် ) မသိခဲ့ကြပါ ။ ထို့အတူ ‘ အိုင်းစတိုင်း ’ ကို သိသော်လည်း အိုင်းစတိုင်း၏ မယားဘက်က ပါသော တူ တစ်ဝမ်းကွဲ၏ အမည်ကို ဘယ်သူကမှ ကြားဖူးလိမ့်မည် မဟုတ်တာ သေချာပါသည် ။

( ကျွန်တော့် အယူအဆကို သင် နားထောင် လိုမည် ဆိုပါက လောက၌ လူတို့ မလိုအပ်ဘဲ လျှောက်လုပ်နေကြသော ကိစ္စများ အနက် ဆွေမျိုး စပ်ခြင်း အလုပ်သည် မင်္ဂလာဆောင် အခမ်းအနား ကျင်းပပုံမျိုးနှင့် ခပ်ဆင်ဆင် တူကြောင်း ပြောပြလိုပါ သေးသည် ။ အတော် ရှုပ်ရှုပ်ထွေးထွေး လုပ်ရသော ကိစ္စ ဖြစ်ပြီး နောက်ပိုင်းတော့လည်း ဘာမှ မဟုတ်ပါ ။ )

နပိုလီယန်နှင့် ဆွေမျိုး တော်စပ်ရရုံမျှဖြင့် နပိုလီယန်လို ဟိန်းဟောက် တတ်ကြသော ‘ လူ ’ များ ၊ အိုင်းစတိုင်း နှင့် ဆွေမျိုး တော်စပ် ရရုံ မျှဖြင့် အိုင်းစတိုင်းလို ဟိန်းဟောက် တတ်ကြသော ‘ လူ ’ များ သည် လမ်းမှာ ကြောင် တစ်ကောင်နှင့် ဆုံလျှင် ဦးညွှတ် အရိုအသေ ပေး သင့် ပါသည် ။


( နှစ် )



ကျွန်တော်သည် ငှက်ကုလားအုတ် တစ်ကောင် ဖြစ်ပါသည် ။

အများ သူငါ ပြောကြသော စကား အရ ငှက်ကုလားအုတ်သည် ရန်သူ ကို မြင်သည် နှင့် တစ်ပြိုင်နက် သူတို့၏ ဦးခေါင်းများကို သဲမြေထဲတွင် ထိုးဝှက် ဖုံးကွယ်ထားလိုက်တတ်ကြောင်း သိရပါသည် ။ မျက်စိများကို သဲ ဖုံးသွားသောကြောင့် ရန်သူကို မမြင်ရတော့ ငြားသည် တကယ် စင်စစ် ရန်သူ မရှိတော့ခြင်း မဟုတ်ကြောင်း နားလည်အောင် ခက်ခက်ခဲခဲ ရှင်းပြ စရာ မလိုအပ်လှ သော် လည်း ( ငှက်ကုလားအုတ်များနှင့် တချို့သော လူများ အတွက်မူ ) နားလည်ဖို့ အတော် ခက်ခဲကြောင်း သင် ခက်ခက်ခဲခဲ ကြိုးစားပြီး မှ သဘော ပေါက်ပါလိမ့်မည် ။

“ ဉာဏ်မျက်စိကို ကျယ်ကျယ် ဖွင့်ထား ” ဟု မည်သူ ပြောခဲ့ပါသနည်း ။

သင်သည် တစ်စုံတစ်ရာကို လေးခွဖြင့် ပစ်လိုပါက သင့်မျက်စိ တစ်လုံးကိုတော့ ပိတ်ထားပြီးမှ ချိန်ရန် လိုအပ်ပေလိမ့်မည် ။ ကျေးဇူးပြု ၍ မျက်စိများကို သိပ် ကျယ်ကျယ် မဖွင့်ပါ နှင့် ။

ဆယ်ထပ်တိုက်ပေါ် က ခုန်ချပြီး ကိုယ့်ကိုယ် ကိုယ် သတ်စေရန် သင် စိတ်ကူးထား ပါလျှင် မူ သင့်မျက်စိနှစ်လုံး စလုံး ကို စုံ မှိတ် ထား လိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း ကျွန်တော် အကြံပေး လို ပါသည် ။


( သုံး )



ကျွန်တော် သည် နှံကောင် တစ်ကောင် ဖြစ် ပါသည် ။

လောလောဆယ်တွင် ကျွန်တော် အစာရေစာ ငတ်မွတ်လျက် ရှိပါသည် ဟု ပြောလျှင် သင်တို့ အနေ ဖြင့် “ ပုရွက်ဆိတ် နှင့် နှံကောင် ” ပုံပြင် ကို ချက်ချင်း သတိ ရ ကြလိမ့်မည် ထင်၏ ။

သင် ထင် ထားသည့်အတိုင်းပင် ဖြစ်ပါသည် ။

ကျွန်တော့်ထံသို့ ပုရွက်ဆိတ် တစ်ကောင် ရောက် လာ၏ ။

“ သင့် အနေနဲ့ အချိန် ရှိတုန်းကတော့ အစာ စုဆောင်းတဲ့ အလုပ်ကို မလုပ်ဘဲ အချိန် ဖြုန်း နေခဲ့ပြီး အခု မှ ကျွန်ုပ် စုဆောင်းထားတဲ့ အစာတွေကို တောင်းဖို့ စိတ်မကူးပါနဲ့ ၊ မပေးနိုင်ဘူး ” ဟု ပြော၏ ။

ကျွန်တော် အတော် စိတ်ဆိုး သွားပါသည် ။

ဘာဖြစ်လို့များ နီတိတွေ ၊ ပုံပြင်တွေထဲက အတိုင်း အားလုံးက လိုက်ပြီး သရုပ်ဆောင် နေကြပါလိမ့် ဟု လည်း တွေးမိ၏ ။

တကယ် ဆိုလျှင် ထို “ ပုရွက်ဆိတ် နှင့် နှံကောင် ” ပုံပြင်သည် အတော် ရယ်စရာ ကောင်းပါသည် ။

နှံကောင်က ဘယ်လို အကြောင်းနှင့်မှ ပုရွက်ဆိတ် တစ်ကောင်၏ အစာကို တောင်း စားဖို့ မဖြစ်နိုင်ပါ ။ ( စားသော အစာ ပုံစံချင်း မတူသော ကြောင့် ဖြစ်ပါသည် ။ )

နှံကောင် သည် အက်ကရီဒိုင်အီဒေး ( Acridiidae ) အုပ်စု ဝင် ပိုးမွှား တစ်မျိုး ဖြစ်ပြီး သစ်ရွက်စိမ်းများ နှင့် သစ်ပင်ငယ် တို့ ၏ ပင်စည်များကိုသာ စားသောက်တတ်သော သတ္တဝါ ဖြစ်ပါသည် ။

ပုရွက်ဆိတ်မှာမူ ဟိုင်မင်းနော့ပ်တဲရာ ( Hymenoptera ) အုပ်စုဝင် ဖော်မစ်ဒီ မျိုးစိတ် ဖြစ် သောကြောင့် ပျားရည် ၊ သကြား ၊ ထမင်းတို့ ကဲ့သို့ အချိုရည်ပါသော ပစ္စည်း ၊ အသားအစအနများ နှင့် ပျ ကဲ့သို့ သော ပိုးမွှားငယ်ကလေးများကို စားပါသည် ။

ပုရွက်ဆိတ်လိုမျိုး အစာကို ကြိုကြိုတင်တင် မစုဆောင်း ထားရကောင်းလား ဟု အပြစ် တင် နေသည့်အစား နှံကောင်စားသော အစားအစာသည် စုဆောင်း သိုလှောင်ထား ရန် မဖြစ်နိုင်သော သဘော သဘာဝ ရှိ ကြောင်း အရင် နားလည်အောင် ကြိုးစားသင့်ပါသည် ။

‘ ချွေတာ စုဆောင်း သူဌေးလောင်း ’ ဆိုသည့် စကား ကို မှားသည် ဟု ကျွန်တော် ပစ်ပစ်ခါခါ မပြော လို ပါ ။ နှံကောင် အနေဖြင့် စုတတ် ဆောင်းတတ် မည် ဆိုလျှင် သစ်ရွက်ခြောက်များ ၊ သစ်ပင်ဆွေး များ ကို ပိုင်ဆိုင်သော ဇောတိက တစ်ကောင် ဖြစ်လာ နိုင်စရာ ရှိသည် ဟု သာ ဖြေတွေး တွေး လိုက်ပါသည် ။

ချွေတာ စုဆောင်း နိုင်ရန် အခွင့်အလမ်း နည်းပါး လွန်း လှသည့် ဘဝများ သည် လောကမှာ ရှိနေသေးသည့် အကြောင်း အခွင့်အလမ်း သာ သည့် တစ်ချိန် ချိန် တွင် ကျွန်တော် ပုံပြင် တစ်ပုဒ် ရေးပါဦးမည် ။


••••• ••••• •••••




( လေး )



ကျွန်တော်သည် ကမ္ဘာပေါ် တွင် အလှဆုံး ဟု အသတ်မှတ်ခံရသည့် “ နန္ဒဝန်ငှက် ” တစ်ကောင် ဖြစ်ပါသည် ။

ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းများတွင် လှည့်လည် ကျက်စားလေ့ရှိသည့် ထို ငှက်မျိုး သည် ပရာဒီစီ အပိုဒါ ( Ptradisae Apoda ) မျိုးနွယ်ဝင် ငှက်ဖြစ်ပြီး ခြေထောက်များ မပါရှိသောကြောင့် မြေပြင် ပေါ် သို့ လုံးဝ ဆင်းသက်ခြင်း မရှိဘဲ အစဉ် ထာဝရ ကောင်းကင်မှာသာ ပျံဝဲ နေတတ်ကြောင်း ၁၉ ရာစု နှစ်ထုတ် ဗြိတိသျှစွယ်စုံကျမ်း တစ်စောင်တွင် ဖတ်လိုက်ရသောအခါ ကျွန်တော် အံ့ဩသွားပါသည် ။

စင်စစ် ထို အချက်အလက်သည် မှားယွင်း နေကြောင်း နောင် အတော်ကြာမှ ကျွန်တော် သိ လာ ရသည် ။

ထို ငှက်များတွင် သူလို ကိုယ်လို ခြေထောက် နှစ်ချောင်း ပါရှိသည့် တိုင် ဒေသခံ ကျွန်းသူကျွန်းသားများ က ထို ငှက်များ ဖမ်းဆီး မိပြီး ဥရောပ သို့ တင်ပို့ ရောင်းချခြင်း မပြုမီ ခြေထောက် နှစ်ချောင်းကို ဖြတ်ပစ်လိုက်ခြင်းသာ ဖြစ်၏ ။

ယင်း ကို ဥရောပတိုက်သား တို့က အူကြောင်ကြောင် နိုင်လှစွာ တလွဲတချော် တွေး ပြီး အမှတ် မှား ခဲ့ကြပုံ ရ ပါသည် ။

မဆီမဆိုင်လှစွာပင် ကျွန်တော် ဖျတ်ခနဲ သတိ ရ လာသော စကားပုံတစ်ခုကို ရွတ်ပြ လိုက်ပါသည် ။


" Who has no courage shuld have legs "


“ သတ္တိ မရှိသူ တစ်ယောက်တွင် ခြေထောက်များ ရှိ ဖို့ လိုသည် ”

ဟူသည့် အီတလီ စကားပုံ ဖြစ်၏ ။

ကျွန်တော် သဘော တူ ပါသည် ။ သတ္တိ မရှိဘူး ဆိုမှ တော့ ထွက်ပြေး ရဦးမည် ဆိုသည် ကို သင် ကော ကျွန်တော် ပါ နားလည် ထားကြသည် မဟုတ်လား ။ ထို သူ တွင် ခြေထောက်တွေ ရှိ ဖို့ရာ အသေအချာ လိုအပ် ပါသည် ။


ကျွန်တော့် တွင် ခြေထောက်များ မရှိပါ ။


သတ္တိ ရှိလွန်း နေသောကြောင့် ကား မဟုတ် ။


ကျွန်တော် သည် ခြေထောက်များ အဖြတ် ခံ ထားရသော နန္ဒဝန်ငှက် တစ်ကောင် ဖြစ်ပါသည် ။


••••• ••••• •••••




( ငါး )



ကျွန်တော် အမြီး ပြတ် နေသည့် ခွေး တစ်ကောင် ဖြစ် ပါသည် ။


အီစွတ်ပုံပြင်များ ကို ဖတ်ဖူးလျှင် သင် ... ကျွန်တော့် ကို သိပါ လိမ့်မည် ။ မိမိ တွင် အမြီး ပြတ်နေသည့် အတူတူ တခြား ခွေးတွေ ကို ပါ အမြီးတွေ ဖြတ် ပစ် လိုက် ဖို့ ရန် တိုက်တွန်းခဲ့သော ပုံပြင် ထဲ မှ ခွေး သည် ကျွန်တော် ဖြစ် ပါသည် ။


စင်စစ် ထို ကိစ္စ သည် ကျွန်တော် ၏ ယုတ်မာ မနာလိုမှု တစ်ခု မဟုတ်ဘဲ ခွေးဘောင်လောကကြီး တစ်ခုလုံး ကို ကယ်တင်ရန် ကြိုးပမ်း ခဲ့သော ကျွန်တော် ၏ အားထုတ်မှု တစ်ရပ် သာ ဖြစ်သည့် အကြောင်း ဤ နေရာ မှ နေ၍ ဖြေရှင်းပါရစေ ။


ကြောက်ရွံ့စရာ တွေ့ လျှင် အမြီးကုပ်ခြင်း ၊ ပျော်ရွှင် ဝမ်းမြောက်စရာ တွေ့ လျှင် အမြီးနန့်ခြင်း တို့သည် ကျွန်တော်တို့ ခွေးများ ၏ “ ဟန် မဆောင်တတ်သည့် အားနည်းချက် ” ဖြစ်၏ ။


လူတွေ က တော့ သည်လို မဟုတ်ပါ ။ ကြောက်ရွံ့သော်လည်း မကြောက်ရွံ့ ချင် ယောင် ဟန်ဆောင် ထား နိုင်ကြ၏ ။ ပျော်ရွှင်ဝမ်းမြောက်သည့် တိုင် သူတို့ ၏ နှုတ်ခမ်းများ ကို မဲ့ ထား နိုင်စွမ်း ရှိကြ၏ ။


အဲသည်လို စွမ်းဆောင်ရည် ထူးကဲသော ဟန်ဆောင်မှု မျိုး ရ ချင်လျှင် ခွေးများ တွင် အမြီး မရှိ မှ ဖြစ်ပေလိမ့်မည် ။


မယားငယ် ချိုင်းမွေး ကို သာ မြတ်နိုးရိုသေ တတ်ကြပြီး “ ရိုးသားခြင်း ” ကို အလေးအနက် ထားရကောင်းမှန်း မသိသော ‘ လူများ ’ အတွက် ခွေး တစ်ကောင် ၏ ခံစားချက် ကို ကျေးဇူး ပြု ၍ နားလည် ခွင့်လွှတ် ပေးစေ လို ပါသည် ။


တကယ်ပင် လူတွေ က ရိုးသားခြင်းကို နေရာ မပေးချင် ကြပါ ။


“ အမြီး သည် ခွေး တစ်ကောင် ၏ ရိုးသားမှု ဖြစ်သည် ” ဆိုသည့် အချက် ကို လည်း အသိအမှတ် မပြု ကြပါ ။


ခွေးမြီးကောက် ကျည်ထောက်စွပ် ဟူသည့် စကားပုံ ကို သင် ကြားဖူး သည် မဟုတ်လား ။ ပြုပြင် သွန်သင် ဆုံးမ ၍ မရသော ‘ လူ ’ များ ကို ခွေး အမြီး နှင့် ခိုင်းနှိုင်း ထားခြင်း ဖြစ်ပါ သည် ။ ခွေး အမြီး ကို ဝါးကျည်ထောက် စွပ် ပြီး ဖြောင့်အောင် ကြိုးစား ကြည့်သော် လည်း နဂို အတိုင်း ကောက်မြဲ ကောက်နေသည် ဟု ဆိုလို ပုံ ရ၏ ။


တကယ် ဆို လျှင် သည် ကိစ္စတွင် ခွေး အမြီး ကို တရားခံ လုပ်စရာ ဘာ အကြောင်း မှ မရှိပါ ။ အမြီးကောက် နေသည် ကို ဖြောင့် ပေးဖို့ရန် အလှပြင်ဆိုင် သွား အပ်သည့် ခွေး ဟူ၍ သင် ကြားဖူးပါသလား ။ သူ့ ဘာသာ သူ ရိုးရိုးသားသား ကျေကျေနပ်နပ် ကောက် နေသည့် အမြီး ကို မနေနိုင် ၊ မထိုင်နိုင် ဖြောင့်ပေး ဖို့ရန် လက် ဆော့ ပြီး ဝါးကျည်ထောက် သွား စွပ်သူ မှာ သာ အပြစ် ရှိပါသည် ။ ကမ္ဘာဦး အစ ကတည်း က ကောက် နေသည့် ခွေး အမြီး သည် ( ကျွန်တော် သိရ သလောက် ) မည်သူ့ ကို မှ ဒုက္ခပေးခဲ့ဖူးခြင်း မရှိပါ ။


ခွေးငယ်များ ၏ ရှေ့ရေး ကို ကယ်တင်ရန် အတွက် ခွေး အပေါင်း တို့ မျက်နှာ ငယ်စရာ ဖြစ်စေသည့် အမြီးများ ကို ဖြတ်တောက် ပစ်ဖို့ ကျွန်တော် တိုက်တွန်း နှိုးဆော်ခဲ့ရသည့် အကြောင်း သဘော ပေါက် လောက်ပြီ ထင် ပါသည် ။


အကယ်၍ သင် သာ ဘဝ တစ်ခု ခု တွင် ခွေး ဖြစ်ရပါက သင့် အမြီး ကို ဖြတ်ပစ်ပါမည် ဟု ကျွန်တော့် အား ကတိ ပေး နိုင်ပါမည်လား ။


••••• ••••• •••••




( ခြောက် )



နိဂုံးချုပ် အနေဖြင့် ပြောရလျှင် ...


ကျွန်တော် သည် မြက်ပင် တစ်ပင် လည်း ဖြစ်ပါသည် ။


“ သစ် တစ်ပင်ကောင်း ငှက် တစ်သောင်း နား နိုင် ” ဟူသော စကား အရ ဆိုလျှင် ကျွန်တော် သည် သစ်ပင်ကောင်း တစ်ပင် မဟုတ် သလို သလို ဘာ လိုလို ... ဖြစ် နေ၏ ။ ကျွန်တော် ကတော့ သစ်ပင် ဆိုသည် မှာ ငှက်တွေ နား ဖို့ ရည်ရွယ်ချက် ဖြင့် ပေါက် ပေး ရတာလား ၊ သူ့ ဘာသာ သူ ပေါက်စရာ အကြောင်း ရှိ သောကြောင့် ပေါက် ရတာလား .. ဆိုသည် ကို စဉ်းစား နေမိပါသည် ။


ကျွန်တော် သည် မြက်ပင် ဖြစ်နေသော ကြောင့် ကျွန်တော့် အပေါ် တွင် ငှက် တစ်ကောင် မှ နား ရန် မဖြစ်နိုင်ပါ ။


လူ့ ဘဝ ... ဆိုသည် မှာ ငှက်တွေ နားဖို့ ရန် ပေါက် လာ ပေး ရသော သစ်ပင် တစ်ပင် မဟုတ်ကြောင်း နှင့် သူ့ နည်း သူ့ ဟန် နှင့် သူ တောင်း နေခွင့် ရှိသည့် အကြောင်း သင်တို့ ကို အားလပ်သည့် အခါ များ တွင် ပြောပြဦးမည် ဟု ကျွန်တော် စိတ်ကူး ထားပါသည် ။


••••• ••••• •••••




( ခုနစ် )



“ ကံ သာ လျှင် အမိ ကံ သာ လျှင် အဖ ” ဟု ပြောတတ်သူများ နှင့် တွေ့ လျှင် မှတ်ပုံတင် တောင်း ကြည့်လိုက်ပါ ။ အဖ အမည် ဦးကံ အမိ အမည် ဒေါ်ကံ ဟု ရေးထား လိမ့်မည် မဟုတ်သည် က တော့ သေချာ ပါသည် ။


ကျွန်တော့် အဖေ နှင့် အမေ သည် ဦးမြဝင်း နှင့် ဒေါ်အေးကြွယ် ဖြစ်ပြီး ကျွန်တော့် အမည် မှာ မောင်ကျော်စိုး ဖြစ်ပါသည် ။


ကျွန်တော် သည် ကြောင် သော် လည်းကောင်း ၊ ခွေး သော် လည်းကောင်း ၊ ငှက် သော် လည်းကောင်း ၊ မြက် သော် လည်းကောင်း မည်မျှပင် ဆိုးဆိုးရွားရွား ဖြစ် နေစေကာမူ ကျွန်တော့် အဖေ နှင့် အမေ တို့ ၏ နာမည် ကို ဦးကံ နှင့် ဒေါ်ကံအဖြစ် ပြောင်း ပစ်လိမ့်မည် မဟုတ် ပါ ။


ကျွန်တော် သည် ... ကျွန်တော် သာ လျှင် ဖြစ် ပါသည် ။


◾မင်းခိုက်စိုးစန်


📖 ကြယ်ကိုးစင်း နဲ့ လင်းတဲ့ ကောင်းကင်

Comments