အပျိုမလေးသည် မော့၍ ကြည့်လိုက်၏။ လသည် အင်မတန်ပင် မြင့်၍ နေလေပြီ။ လသည် ပြာသောကောင်းကင်ဝယ် ရွှေရောင်လိုလို ငွေရောင်လိုလို ဝင်းမှည့်နေသဖြင့် ဖဲပြာပေါ်တွင် ဟိုလိမ့် သည်လိမ့် လိမ့်ကာ ဟန်ယူနေသော အရည်ရင့်ရင့် ပုလဲလုံးနှင့် ပမာတူ၏။ ဆောင်တော်ကူးခိုင် ပမာ အိ၍နေသော တိမ်တောင်တို့သည် လရောင်တဝက် အရိပ်တဝက်ဖြင့် ပြိုတော့မည့်ပမာ လေးပင်စွာ တွဲကျနေပေ၏။ စိန်ကြယ်ပွင့်တို့သည်လည်း တဖျတ်ဖျတ်တောက်ကာ မျက်တောင် တခတ်ခတ်နှင့် လက်နေကြလေသည်။
လေသည် “ကန်သာ” ကို ဖြတ်၍ ပြတင်းမှ တိတ်တဆိတ် ခိုးဝင်ကာ မေ့ဆေးသဘွယ် ကြာပန်းရနံ့များဖြင့် မူးမေ့ခွေပျော့သွားအောင် ထုံလိုက်လေ၏။ ပြတင်းမှာ တွယ်ကပ်နေသည့် အိုင်ဗီနွယ်များသည် လရောင်တွင် လှနေကြ၏။ ပျော့ညက်သော ခန်းဆီးအဖြူသည် လရှိရာသို့ လက်လှမ်းကာ လူးလိမ့်နေလေ၏။
အပျိုမကလေးသည် ည၏အလှကို အနုစိတ်၍ အမွှမ်းတင်ကာ နူးညွတ်ဖွယ်ရာ စိတ်ကူးအိပ်မက် မက်နေ၏။ လွမ်းရမလို ဆွေးရမလို ထိုအိပ်မက်သည် ဇာတ်လမ်း အခြေတည်ရာ မရှိသဖြင့် အရှည်ကြီး မျောနေတော့သည်။ အနက်မထင်သော အိပ်မက်သည် သူ့အား နွမ်းလျခွေပျော့ကာ မဆန့်တငံ့ ဖြစ်စေလေ၏။ ကိုင်း…. ဘာလိုနေပါလိမ့်။ ည၏ အလှကို စိတ်ဝင်စားနေသည်မှာ ရူးသွပ်စွာ တဖတ်သတ်ပင် အယူသီးနေတော့မလောက် ဖြစ်၏။ သို့ပေမဲ့ ကျေနပ်နှစ်သိမ့်မှု မရှိပဲ ဟာနေသည်မှာ ဘာလိုနေပါသလဲ။
အပျိုမကလေးသည် အိပ်ရာပေါ်သို့ နွမ်းလျစွာ လှဲချလိုက်သည်။ ပြတင်းမှ မြင်ရသော လ၊ တိမ်၊ ကြယ်တို့နှင့် ပြည့်စုံသည့် ကောင်းကင် တဝက်တပျက်ကို ပြတင်းပေါင်သည် ပန်းချီကားတချပ် ဖြစ်အောင် လေးထောင့်ပုံ ကွယ်ပေးလေ၏။ သူမသည် ည ပန်းချီကားကို ကြည့်ရင်း ပို၍ပို၍ နွမ်းခွေလာ၏။ ထို ပန်းချီကားချပ်သည် ကဗျာယဉ်တပုဒ်ပမာ သူမအား ညှို့နိုင်စွမ်းသည်။
ဂီတသံကို ကြားရလေ၏။
ဂီတသံသည် အလွန်တရာ အေးဆေး ချွဲ့နွဲ့သော တယောနှင့် အဆို တွဲထားသည့် အသံပင် ဖြစ်၏။ အသံသည် သဲ့သဲ့လေး ပေါ်လာရာမှ အလွန် ဖြည်းလေးစွာ နီး၍နီး၍ လာ၏။ အနီးဆုံးသို့ ရောက်လာလေ၏။ ဝေးရာမှ နီးလာသော်လည်း နီးရာမှ ဝေးမသွားချေ။ အပျိုမကလေးသည် အသက်မရှုဘဲ စိတ်ထက်သန်စွာ နားထောင်၏။
“ပန်းပွင့်တွေလည်း လရောင်ဦးဝယ်
ငှက်ကလေးတွေလည်း တေးသံကျူးကာ
မြူးလို့ ချစ်သွေးဝင်
ငယ်ချစ်ခင် မောင့်ရင်တွင်းမှာ
ချစ်တင်းဆိုလို့ ပျော်စေချင်”
အပျိုမကလေးသည် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်လာ၏။ အလွန် နွဲ့လျစွာ ထ ထိုင်လေ၏။ ဂီတသံသည် သူမ၏ ပြသနာကို ရှင်းပေး၏။ ဘာလိုနေသည်ကို ရိပ်မိလာလေ၏။ သူမသည် ပင့်သက်ရှုကာ ပခုံး တွန့်လိုက်လေ၏။
သူမ၏ စိတ်မျက်စိဝယ် မိန်းမပျိုလေး၏ အချစ်ကို မျှော်မှန်းခွင့်ပန်နေသော ယောင်္ကျားပျို၏ သဏ္ဌန် တယော ပိုက်နေဟန်ကို မြင်ရပေသည်။ ယောင်္ကျားပျိုသည် အချစ်သွေးကြောင့် မည်မျှ တုန်လှုပ်ချောက်ချားနေလိမ့်မည်နည်း။ သူ၏ မျက်လုံးတို့သည် မည်မျှ ဝင်းပြောင်နေလိမ့် မည်နည်း။
တယောသံသည် လှိုင်းတွန့်ကလေး ဖော်သွား၏။ ပန်းခက်ကလေးတွေကို ဖော်သွား၏။ အရောင် အလျဉ်းသင့်စွာ စပ်သွား၏။ အကွက်စိပ်ကလေးများ မထိတထိ ဆက်စပ်၏။
ဂီတသံသည် ဂရုဏာသံ ပါ၏။ ချစ်သော်လည်း မုန်းချင်စရာ၊ အင်မတန်ပဲ ချွဲလွန်းသည်။ ဂီတသံသည် အသက်ပါ၏။ အားတက်သည့် အရိပ်အယောင်ကိုလည်း ပြလေ၏။ လက်လျှော့မလိုလိုလည်း ထင်ရသည့် ကြောက်ရွံ့သလိုလို စကားနာထိုးသလိုလို အနေအထားနှင့် အချစ်ဝေဒနာကို ပြဆို၏။
အဖြေ ထွက်ပြီးပြီ။
ပန်းနတ်သမီးကလေး၏ အဟန်ဖြင့် ဒူးချ၍ ထိုင်နေရာမှ ဒူးထောက်ကာ ပြတင်းကို မှီလေ၏။ အပျိုမကလေးသည် စောင့်စားနေသည့် ချစ်သူသို့ ညွှတ်ခဲ့လေပြီ။ သူမသည် အနက်မထင်သည့် အညည်းကလေး တချက်ကို တိုးတိုးသက်သာ မှုတ်ထုတ်ကာ မဝံ့ မရဲ ရှေ့သို့ ယွန်းကာ ပြတင်းမှ ငုံ့ကာ ဂီတသံဖြင့် အချစ်ပန်ကြားနေသူကို ကြည့်လိုက်လေသည်။
“ဟာ….”
ယောင်္ကျားပျိုသည် တယောပိုက်ကာ စောင့်စားနေဟန်ပင်။ သို့သော် အောက်တန်းစားတယောက်၊ ခေါင်းစုတ်ဖွားနှင့်၊ အဝတ်အစားသည်လည်း အထက်တန်းစား၏ ဂိုက်မျိုး တစက်မှ မပါချေ။ လမ်းဘေး ဖုတ်တောထဲမှာ ထိုင်လို့ပါကော။ ဘယ့်နှယ် ကြမ်းပိုးပါလိမ့်။ ဂီတသံနှင့် မတန်လိုက်သည့် ဖြစ်ခြင်း။
အပျိုမကလေးသည် ရင်ကို မ ကာ အနောက်သို့ ယိုင်သွားလေ၏။ ငြူစူသော မျက်နှာထား၊ ကျိန်ဆဲနေသော နှလုံးဖြင့် ပြတင်းတံခါးကို ဂျုံးကနဲ ပိတ်၏။ အိုင်ဗီနွယ်ကလေး တနွယ် တံခါးမှာ ညပ်ကာ ကြေမွသွား၏။ ခန်းဆီးကလေးသည်လည်း မြောက်တက်သွား၏။
အပျိုမကလေးသည် အိပ်ရာပေါ်သို့ ဆောင့်အောင့် လှဲချကာ စောင်ကို ခေါင်းမြီး တင်းတင်းခြုံ၍ မျက်စိ အတင်းမှိတ်၍ အိပ်၏။
ညသည်လည်း မလှတော့ပြီ။ တေးသံသည်လည်း မနုတော့ပြီ။
ကြည်အေး
တာရာမဂ္ဂဇင်း အတွဲ ၁ အမှတ် ၄ ဧပြီ ၁၉၄၇

Comments
Post a Comment